မွန်ပြည်နယ် ဘီးလင်းမြို့နယ် ဝင်းတာပန်အခြေစိုက်စစ်ကောင်စီတပ်စခန်းကို KNDOပူးပေါင်းတပ်ဖွဲ့တို့ ဒီဇင်ဘာ၃၁ရက်နေ့မနက်၄နာခွဲကျော်အချိန်တွင်ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့KNUသတင်းရင်းမြစ်ထံမှသိရှိရပါတယ်။
၎င်းသတင်းရင်းမြစ်က ဒီဇင်ဘာ၃၁ရက်နေ့မနက်၄နာရီခွဲဝန်းကျင်းမှာKNDO၊PDFပူးပေါင်းအဖွဲ့တို့ဝင်တိုက်တာ စခန်းထဲမှာဒီဘက်ကရောက်နေကြပြီးစခန်းရခါနီးလောက်မှာ လေယာဉ်လာတော့ပြန်ဆုတ်လိုက်ရတယ်လို့ဆိုပါတယ်။
ဒီတိုက်ခိုက်မှုမှာနှစ်ဘက်ထိခိုက်မှုရှိတယ် စစ်ကောင်စီဘက်ထိခိုက်မှုရှိတယ် သေဆုံးတာရှိမရှိ တော့အတည်ပြုမရဘူးလို့ သိရပါတယ်။
“KNDOပူးပေါင်းအဖွဲ့ဘက်ကထိခိုက်ဒဏ်ရာ၇ဉီးလောက်ရှိနေတယ် လေယာဉ်လာပစ်လို့ထိတာမဟုတ်ဘူး စခန်းထဲကနေ ပြန်ပစ်လို့ထိတာ လေယာဉ်က ဝင်းတာပန်ရွာထဲမှာဘဲ လာပစ်သွားပြီးအိမ်အချို့ ထိခိုက်ပျက်စီးမှုတော့ ရှိနေတယ်လို့” အဆိုပါသတင်းရင်း ြမစ်က ပြောဆိုပါတယ်။
ယမန်နေ့ နေ့လည်အချိန်တွင်ဝင်းတာပန်စခန်းအတွက် ရဟတ်ယာဉ်ဖြင့် ပစ္စည်း၁၂တွဲလေထီးဖြင့် လာချသွားတယ်လို့ အထက်ပါသတင်းရင်းမြစ်ကဆိုပါတယ်။
“လာချတာ၁၂တွဲရှိတယ်တစ်တွဲမှာ၂ထုပ်ပါတယ်။
စခန်းထဲတော့၃ထုပ်ကျတယ်။ ကျန်တာစခန်းအပြင်မှာဘဲကျတယ် လက်ရှိမှာKNDOပူးပေါင်းအဖွဲ့ဘက်မှ ၂ပုံး သိမ်းဆည်းရမိပြီး ဆေးဝါးနှင့်ခဲယမ်းအချို့ပါဝင်နေတယ်လို့” သူကပြောပါတယ်။
ဝင်းတာပန်စခန်းဝင်ရောက်တိုက်ခိုက်ခံရတစ်ပြိုက်နက်တည်းမှာလေးကေအခြေစိုက်စစ်ကောင်စီတပ်စခန်းကိုလည်းဒရုန်းဖြင့်တိုက်ခိုက်ံခံရတယ်လို့လည်းဒေသခံများထံမှသိရှိရပါတယ်။