စစ်ကိုင်းတိုင်း၊ ဘုတလင်မြိုနယ်၊ ကူတော်ရွာရှိ အကြမ်းဖက် စစ်တပ် အထိုင်စခန်းကို ဝင်ရောက် တိုက်ခိုက်ရာ စစ်တပ်ဘက်မှ အရာရှိ ၁ ဦးအပါအဝင် ၄ ဦးသေဆုံးခဲ့ကြောင်း ဘုတလင်မြိုနယ် ပကဖ ဒုတာဝန်ခံ က ပြောဆိုသည်။
ဇန်နဝါရီလ ၂၆ ရက်နေ့တွင် ဘုတလင်မြိုနယ်၊ ကူတော်ကျေးရွာရှိ အကြမ်းဖက် စစ်တပ် စခန်းကို တော်လှန်ရေး တပ်ဖွဲများက ဝင်ရောက် တိုက်ခိုက်မှု စစ်တပ်ဘက်မှ အရာရှိ ၁ ဦးအပါအဝင် ၄ ဦး သေဆုံးကာ စနိုက်ပါ အထိုင် ဗန်ကာကို မီးရှိရှင်းလင်းခဲ့ကြောင်း သိရသည်။
“စခန်းသိမ်း တိုက်ပွဲ တိုက်ခိုက်တာပဲ ကျည်အင်အား နည်းတာနဲ့ မသိမ်းနိုင်ဘဲ ပြန်လည်ဆုတ်ခွာခဲ့ရတယ်” ဟု ဘုတလင်မြိုနယ် ပကဖ ဒုတာဝန်ခံ က ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို မုံရွာခရိုင် BOB တပ်ရင်း ၂၀ ၊ ဘုတလင်မြိုနယ် ပကဖ အဖွဲ ၊ ဘုတလင် မြိုနယ် အားမာန်သစ် Local PDF နှင့် ဒေသ အခြေစိုက် လက်နက်ကြီးအဖွဲများက ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။