စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ ရွာသာရွာနှင့် ကြက်ရိုးကုန်းရွာ အကြားတွင် တိုက်ပွဲဖြစ်ပြီး အကြမ်းဖက် စစ်တပ်မှ ဒုဗိုလ်တစ်ဦးအပါအဝင် ၄ ဦးသေဆုံး ခဲ့ကြောင်း ကျောင်းသား လက်ရုံးတပ်တော် -Student Armed Force တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ယမန်နေ့ ဇူလိုင်လ ၂၈ ရက်နေ့က ဘုတလင်မြို့နယ်အတွင်း လှည့်လည်စစ်ကြောင်းထိုးကာ ပြည်သူလူ ကို ဖမ်းဆီးနှိပ်စက်ပြီး ပစ္စည်းများခိုးယူဖျက်ဆီးနေသော အင်အား ၁၀၀ ခန့်ပါ စစ်တပ် စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးပူး ပေါင်းတပ်ဖွဲ့က စောင့်ကြိုတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်တပ်မှ ဒုဗိုလ်အဆင့်ရှိသူတစ်ဦးအပါအဝင် ၄ ဦး သေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
“အနီးကပ်တိုက်ပွဲဖြစ်ခဲ့တာ ဆိုတော့ ၁၀ မိနစ် ၁၅ မိနစ်လောက်ပဲ ကြာတယ်ဗျ၊ စစ်ကြောင်းက အခုထိ ဘုတလင်မြို့နယ်ထဲမှာပဲ လှည့်ပတ်လှုပ်ရှားနေတုန်းပဲ၊ ဒုဗိုလ်အဆင့်ရှိသူအပါဝင် ၄ ဦးသေပြီးအများ အပြားဒဏ်ရာတယ်လို့ပဲ သိရသေးပါတယ်” ဟု ကျောင်းသား လက်ရုံးတပ်တော် -Student Armed Force တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
အဆိုပါတိုက်ခိုက်မှုကို ကျောင်းသား လက်ရုံးတပ်တော် -Student Armed Force တပ်ဖွဲ့၊ Anonymous Hero (Local PDF)နှင့်ဒေသ ကာကွယ်ရေး တပ်ဖွဲ့များ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ ကာ ကွယ်ရေးတပ်ဖွဲ့ ဝင်များအထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။