စစ်ကိုငိးတိုင်း၊ ဘုတလင်မြိုနယ်အတွင်းရှိ သံဃာတော်တွေရဲ့အကြမ်းဖက် စစ်ကောင်စီကို ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ်မှောက်ပွဲကို ဒီနေ့ မှာ ပြုလုပ်ခဲ့ကြပါတယ်။
အကြမ်းဖက်စစ်ကောင်စီက ဝင်းနိမ္မိတာရုံကျောင်းတိုက်ဆရာတော်ဘုရားကြီး ဘဒ္ဒန္တမုနိန္ဒာဘိဝံသ ကို ဇွန် ၁၉ ရက်မှာ ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်ကြံသတ်ဖြတ်ခဲ့သလို ဇွန် ၂၂ ရက်မှာလည်း မြင်းခြံမြို့၊ ဆခမကျေးရွာက ခန်းနေဆရာတော် ဦးဥတ္တမကို ထပ်မံသတ်ဖြတ်ခဲ့တာတွေကြောင့် သံဃာတော် တွေက ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ်ပြုလုပ်နေကြတာပါ။