စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်အတွင်းမှာရှိတဲ့ အကြမ်းဖက်စစ်တပ်ကြောင့် မီးဘေးသင့်ကျေးရွာတွေနဲ့ ရေရှည်စစ်ဘေးရှောင်နေရတဲ့ပြည်သူများကို ထောက်ပံ့ငွေများ ပေးအပ်ခဲ့တယ်လို့ ဘုတလင်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံမှ သိရပါတယ်။
မီးဘေးသင့် ပြည်သူတွေနဲ့ စစ်ဘေးရှောင် ပြည်သူတွေကို တစ်ဦးလျှင် ကျပ်ငွေ နှစ်သောင်းခွဲ နှုန်းနဲ့ ထောက်ပံ့ ပေးခဲတာဖြစ်ပြီးတော့ NGO အသင်းတစ်ခုက ထောက်ပံ့ပေးခဲ့တာလည်းဖြစ်ပါတယ်။
အခုလို ထောက်ပံ့ကူညီမှုကို မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ လူသားချင်းစာနာ ထောက်ထားရေးနှင့်ဘေးအန္တရာယ်စီမံခန့်ခွဲရေးတာဝန်ခံက လိုအပ်တာတွေကို ပူးပေါင်းကူညီဆောင်ရွက်ပေး ခဲ့တယ်လို့လည်း ဘုတလင်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က အသိပေးဖော်ပြထားပါတယ်။