စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့ပေါ်က ထွေအုပ်ရုံးနဲ့ စုပေါင်းရုံးမှာ ညအိပ် တပ်စွဲထားတဲ့ အကြမ်းဖက် စစ်အုပ်စုကို မောင်းသူမဲ့ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်လို့ ၅ ဦးသေဆုံးခဲ့တယ်လို့ Chindwin Brothersက ထုတ်ပြန်ပါတယ်။
ဘုတလင်မြို့ကို ဝင်ရောက်လာတဲ့ အကြမ်းဖက် စစ်ကောင်စီ စစ်ကြောင်း ညအိပ်တပ်ဆွဲရာနေရာဖြစ်တဲ့ ထွေအုပ်ရုံးနဲ့ စုပေါင်းရုံးကို ဩဂုတ် ၂၄ရက် ညနေ ၂နာရီခွဲနဲ့ ၃နာရီ ၄၈မိနစ်တွေမှာ တော်လှန်ရေး ပူးပေါင်းတပ်တွေက shar htoo waw နည်းပညာဖြစ်တဲ့ မောင်းသူမဲ့လေယာဥ်ငယ်နဲ့ နှစ်ကြိမ်ဆက်တိုက် ဗုံးသီးချတိုက်ခိုက်ခဲ့တာပါ။
ဒီခိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်ကောင်စီတပ်သား ၅ဦးသေဆုံးခဲ့ပြီး ၁ဦးမှာ ဒဏ်ရာအပြင်းထန်ဒဏ်ရာ ရခဲ့တာကြောင့် ဘုတလင်ဆေးရုံကို သယ်ဆောင်သွားတယ်လို့ သိရပါတယ်။
အဲဒီအကြမ်းဖက် စစ်သားတွေဟာ အနောက်မြောက်တိုင်းစစ်ဌာချုပ်(နမခ)ကနေ ညလုံး ပေါက် စစ်ကြောင်းထိုးလာတာဖြစ်ပြီး ဩဂုတ် ၂၄ရက် မနက် ၇နာရီမှာ ဘုတလင်မြို့ ကို ဝင်ရောက်လာခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
ဒီတိုက်ခိုက်မှုကို Chindwin Brothers(DGF-တပ်ခွဲ)၊ မုံရွာခရိုင်တပ်ရင်း၁၆၊ တပင်ရွှေထီး(ဆံရှည်)၊ ပျံလွှား(တစ်ကိုယ်တော်)၊ ဗိုလ်ပွကြီး၊ Anonymous Heros၊ နင်ဂျာတပ်ဖွဲ့တွေက ပူးပေါင်း တိုက်ခိုက် ခဲ့တာပါ။