စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ် ဘုန်းဘွဲ့ရွာရှိ စာသင်ကျောင်း၌ တပ်စွဲနေသည့် စစ်ကောင်စီတပ် ဒရုန်းဖြင့်ဗုံးကြဲခံရပြီး တပ်သား ၆ ဦးသေဆုံးကြောင်း BLACK WOLF ARMY မှ တာဝန်ရှိသူက ပြောသည်။
“ပထမက ၄ ယောက်၊ ဒုတိယက ၂ ယောက် စုစုပေါင်း ၆ ယောက်ပေါ့ သေတာ”ဟု ဆိုသည်။
စစ်အင်အား ၅၀ ခန့်ရှိသည့် စစ်ကောင်စီတပ်စခန်းအား မေလ ၂၆ ရက်နှင့် ၂၇ ရက်နေ့များတွင် BLACK WOLF – ARMY နှင့် WHO AM I – ARMY တို့က ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်သည်ဟု ဆိုသည်။
၎င်းတိုက်ခိုက်မှုတွင် ဗုံးဖြင့် ၈ ကြိမ်ကြဲတိုက်ခိုက်ခဲ့ပြီး PDF များမှ ထိခိုက်သေဆုံးသူ မရှိကြောင်းသိရသည်။