စစ်ကိုင်းတိုင်း မုံရွာမြို့နယ်အတွင်းရှိ ကျေးရွာတစ်ရွာတွင် ကျောင်းသားပြည်သူများ စုပေါင်း၍ စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ်ကို ယနေ့ (ဇွန်လ ၁၀) နံနက်ပိုင်းက ချီတက်ဆန္ဒပြခဲ့ကြသည်။
ဆန္ဒပြပြည်သူများက “ဘုံရန်သူကို မမေ့နဲ့” ဘန်နာစာသားဖြင့် စစ်အာဏာရှင် ဆန်ကျင်ရေး ကြွေးကြော်သံများဖြင့် ချီတက်ခဲ့ကြပြီး သပိတ်ဦးဆောင်သူအသီးသီးမှ လူထုအား သပိတ်တရားများ ဟောပြောခဲ့ကြသည်။
အဆိုပါ သပိတ်စစ်ကြောင်းကို မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီ၊ နည်းပညာတက္ကသိုလ်ကျောင်းသားများသမဂ္ဂ(မုံရွာ)နှင့် မုံရွာစီးပွားရေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂတို့ ပူးပေါင်းပါဝင်ခဲ့ကြသည်။