ဘုံသဘောတူချက်တစ်ရက် ခိုင်ခိုင်မာမာ ကျယ်ကျယ်ပြန့်ပြန့် အကောင်အထည်ဖော်နိုင်ရေး အထူးလိုအပ်တာကြောင့် ကရင်အမျိုးသားအစည်းအရုံး (KNU) က ကမကထပြု ဝိုင်းဝန်းဖော်ဆောင်ပေးဖို့ ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ (PNFC) က ကရင့်တော်လှန်ရေးနေ့ ပေးပို့တဲ့ သဝဏ်လွှာမှာ ဖော်ပြပါတယ်။
ဇန်နဝါရီ ၃၁ ရက်မှာ ကျရောက်တဲ့ ၇၅ နှစ်မြောက် စိန်ရတု ကရင့်တော်လှန်ရေးနေ့ အထိမ်းအမှတ် ပေးပို့တဲ့သဝဏ်လွှာမှာ ထည့်သွင်းဖော်ပြခဲ့တာပါ။
“ကေအဲန်ယူ ကရင်အမျိုးသားအစည်းအရုံးကို ကျနော်တို့ ပန်ကြားထားတာကတော့ ဒီ ခိုင်ခိုင်မာမာ ကျယ်ကျယ်ပြန့်ပြန့်ရှိတဲ့ နိုင်ငံရေးသဘောတူညီချက်တစ်ရပ် ရရှိဖို့နဲ့လက်တွေ့ ကျကျ အကောင်အထည်ဖော်နိုင်ရေးကို ကမကထပြုဖို့ ပန်ကြားထားပါတယ်” လို့ ပြောပါတယ်။