တောင်ကိုရီးယားနိုင်ငံ ဘူဆန်မြို့မှ ဆိုးလ်မြို့စစ်သံရုံးရှေ့အထိ ၂၁ ရက်တာ မြန်မာနိုင်ငံစစ်အာဏာသိမ်းမှုအလိုမရှိ ဆန့်ကျင်ဆန္ဒပြချီတက်လမ်းလျှောက်ပွဲပြုလုပ်ခဲ့သည်မှာ ၅ ရက်ခန့် ရှိပြီဖြစ်ကြောင်း ဒယ်ဂူးမြို့သို့ ရောက်ပြီဖြစ်ကြောင်း သိရှိရသည်။
အဆိုပါ လမ်းလျှောက်ဆန္ဒပြခြင်းတွင် ဦးဆောင်သူဖြစ်သည့် CDM ဗိုလ်ကြီးလင်းထက်အောင်က မြန်မာအရေးကို တောင်ကိုရီးယားပြည်သူများ ပိုမိုသိရှိရေးနှင့်အကူညီများပေးအပ်ရန်မေတ္တာရပ်ခံတောင်းဆိုသွားမည်ဖြစ်ပြီး စတင်လမ်းလျှောက်ခဲ့သည်မှာ ၅ ရက်မြောက်ရှိပြီဖြစ်ကြောင်း သိရှိရသည်။
ထို့ပြင် ယနေ့ ဒယ်ဂူးမြို့သို့ရောက်ရှိစဉ်တွင် တော်လှန်ရေးတက်ကြွလှုပ်ရှားသူ ဒယ်ဂူးဘုန်းဘုန်းက ကြိုဆိုကာ နွေဦးတော်လှန်ရေးအောင်မြင်ပြီးဆုံးသည့်အထိ ငါတို့မှာငါတို့ဘဲရှိသည်ဆိုသည့်အတိုင်း မည်သူမဆို အတူတကွပူးပေါင်းပါဝင်ကြရန် အားပေးစကားပြောကြားခဲ့ကြောင်း သိရှိရသည်။