ရခိုင်ပြည်၊ ဘူးသီးတောင်မြို့နယ်က မူဆလင်ရွာတွေကို အကြမ်းဖက် စစ်တပ်က ဗုံးကြဲဖျက်ဆီးခဲ့တယ်လို့ အာရက္ခတပ်တော် ( AA)က မနေ့က ညပိုင်းက ထုတ်ပြန်ပါတယ်။
အကြမ်းဖက်စစ်ကောင်စီက ဘူးသီးတောင်မြိုနယ်၊ ကျောက််ဖြူတောင်ကျေးရွာ၊ တပ်မင်းချောင်းကျေးရွာ၊ င/ကျဥ်တောက် မူဆလင်ကျေးရွာတွေကို မေ (၁၈) ရက်က (Jet Fighter)၊ (Y-12) တွေနဲ့ ဝေဟင်ကနေ ဗုံးကြဲတိုက်ခိုက်ဖျက်ဆီးခဲ့တာပါ။
အကြမ်းဖက် စစ်တပ်ရဲ့ ဗုံးကြဲ ဖျက်ဆီးမှုကြောင့် ကျေးရွာ (၃) ရွာက ထွက်ပြေးလာတဲ့ ကလေးငယ်တွေအပါအဝင် မူဆလင် အမျိုးသား အမျိုးသမီး စုစုပေါင်း (၁၆၆) ယောက်ကို အာရက္ခတပ်တော်က မောင်တောမြိုနယ်၊ အောင်ဇေယျကျေးရွာမှာ အရှေ့တောင်ဘက် (၃.၂၁) ကီလိုမီတာခန့်အကွာမှာ တွေ့ရှိခဲ့တာကြောင့် အဲဒီထဲမှ ကျန်းမာရေးမကောင်းသူတွေကို အာရက္ခတပ်တော်က ဆေးကုသမှုပေးနေတယ်လို့ အသိပေးထားပါတယ်။