ရခိုင်ပြည်နယ် ဘူးသီးတောင်အခြေစိုက် စစ်ကောင်စီရဲ့ ခမရ (၃၅၃)၊ (၅၃၅) တပ်ရင်းတို့က စစ်သင်တန်းပေးခဲ့တဲ့ မူဆလင်လက်နက်ကိုင်များနဲ့ ARSA က ဖမ်းဆီးထားတဲ့ ခရုချောင်းကျေးရွာက မူဆလင်ဒေသခံ ၃၅ ဦးကို ကယ်ထုတ်ခဲ့ပြီး လက်နက်ကြီးအစထိမှန်ခဲ့သူ အမျိုးသားတစ်ဦးကိုဆေးကုသပေးခဲ့တယ်လို့ AA ကထုတ်ပြန်ပါတယ်။
မေလ ၁၄ ရက်က ဘူးသီးတောင်မြို့နယ်၊ ငကျိုက်တောက်ကျေးရွာအနီးမှာ စကစနဲ့ AA တိုက်ပွဲဖြစ်ပွားစဥ် လေကြောင်းမှ ဗုံးကျဲတိုက်ခိုက်မှုကြောင့် အသေးစားအလတ်စားထိခိုက်ဒဏ်ရာရသူများကို ဆေးကုသပေးခဲ့တယ်လို့ သိရပါတယ်။
အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီရဲ့ လက်နက်ကြီး ထိမှန်မှုကြောင့် ညာဘက်ခြေထောက်အရိုးကျိုးသွားတဲ့ မူဆလင်အမျိုးသမီးကို ဆေးဝါးကုသပေးနေသည့် ရုပ်သံမှတ်တမ်းတစ်ခုကို AA က မေလ ၂၉ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။