ရခိုင်ပြည်နယ်၊ ဘူးသီးတောင် ၊ မောင်တောနဲ့ မြေပုံက အကြမ်းဖက် စစ်တပ်စခန်းတွေနဲ့ ဌာနချုပ်တွေကို အပြီးသတ် သိမ်းပိုက်ရရှိရေး ရက္ခိုင့်တပ်တော်(AA)က ထိုးစစ်ကို အရှိန်မြှင့်တိုက်ခိုက်နေတယ်လို့ မနေ့က ထုတ်ပြန်ထားပါတယ်။
အကြမ်းဖက် စစ်တပ်ရဲ့ ဘူးသီးတောင်မြို့နယ်က ၊ စကခ(၁၅) လက်အောက်ခံ ခမရ (၅၆၄) တပ်ရင်းဌာနချုပ်၊ အမ်းမြိုနယ်အတွင်းရှိ စကခ(၅) လက်အောက်ခံ တောဟိန်းတောင် ဗျူ ဟာ အပါအဝင် ၎င်းပတ်ဝန်းကျင်ရှိ စခန်းအချိုနှင့် မောင်တော၊ ကြိမ်ချောင်း နယ်ခြားစောင့် စခန်းတွေကို နေ့စဉ်ရက်ဆက် တိုက်ခိုက်နေတာလို့ အသိပေးထားပါတယ်။
ရက္ခိုင့်တပ်တော်အနေနဲ့ အကြမ်းဖက်စစ်တပ်ရဲ့ ဘူးသီးတောင်၊ ခမရ (၅၆၄) တပ်ရင်းဌာန ချုပ်စခန်းကို ဧပြီလ(၁) ရက်နေ့က စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာပါ။
အလားတူ ဧပြီ ၂ရက် မနက် ၆နာရီ မိနစ် ၂၀ ခန့်က စတင်ကာ မြေပုံမြိုနယ်၊ စညှင်းကျေးရွာအရှေ့ဖက်မီတာ (၁၅၀၀)ခန့်အကွာရှိ အကြမ်းဖက် စစ်တပ်ရဲ့ ပွိင့်(၂၅၇)စခန်းကို ထိုးစစ်ဆင်တိုက်ခိုက်နေပြီး တိုက်ပွဲ ပြင်းထန်နေတယ်လို့ အသိပေးထားပါတယ်။
အဲဒီစခန်းသည် ရန်သူရဲ့ ရှေ့တန်းအမှတ်(၅)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်ရဲ့ အောက်မှာရှိတဲ့ နည်းဗျူဟာ အမှတ်(၃) စခန်းဖြစ်ပြီးတော့ ရန်သူဘက်က လေကြောင်းပစ်ကူတွေနဲ့အသုံး ပြုပြီး အသည်းအသန် ခုခံကာကွယ်နေရတယ်လို့ဆိုပါတယ်။
ရက္ခိုင့်တပ်တော်အနေနဲ့ ဆက်လက်ပြီးမောင်တော၊ ကြိမ်ချောင်း စခန်းကိုလည်း တစ်ရက်မျှရပ်တန့်ခြင်းမရှိဘဲ ဆက်လက်တိုက်ခိုက်နေလို့ နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်တယ်လို့လည်း အသိပေးထားပါတယ်။
ဆက်လက်ပြီး မတ်လ(၃၁) ရက် ညနေ(၃) နာရီ ၅ မိနစ်အချိန်ကလည်း အမ်းမြိုနယ်၊ လုံးရွာအနောက်ဘက် (၁.၄) ကီလိုမီတာအကွာအဝေးရှိ တောင် ကြောမှာ အကြမ်းဖက်စစ်တပ် နဲ့ ရက္ခိုင့်တပ်တော်တို့ တစ်နာရီခန့်တိုက်ပွဲဖြစ်ပွားခဲ့ပြီး ရန်သူတပ်သား မျက်မြင်(၄) ဦး သေဆုံးခဲ့တယ်လို့ဆိုပါတယ်။