မကွေးတိုင်း တစ်နေရာတွင် ပခုက္ကူလူထုတိုက်ပွဲကော်မတီ၊ မကွေးလူထုတိုက်ပွဲကော်မတီ၊ မြိုင်မြို့နယ် အခြေခံပညာသပိတ်ကော်မတီနှင့် ရေစကြိုမြို့နယ် လူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီတို့ ပူးပါင်း၍ လူထုသပိတ်လှုပ်ရှားမှုတစ်ရပ်ကို ပြည်သူများနှင့်အတူ ဖော်ဆောင်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါ သပိတ်လှုပ်ရှားမှု၌ ❝ မတရား စစ်မှုထမ်း ဥပဒေကို ဝိုင်း၀န်းဆန့်ကျင်ကြ ❞ စာသားကို ကိုင်ဆောင်ကာ စစ်အာဏာရှင် စနစ် ဆန့်ကျင်ရေး လူထုကြွေးကြော်သံများ အော်ဟစ် ချီတက်၍ သပိတ်ကော်မတီ အသီးသီးက ရဲဘော်များက ပြည်သူလူထုကို သပိတ်တရားများ ပြောဆိုပြီး ဦးညွှတ်ခဲ့ကြသည်။