မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ စိုင်ကောင်းရဲစခန်းကို ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တစ်ခုဖြစ်သော OPRF-PLA အဖိနှိပ်ခံ ပြည်သူ့တော်လှန်ရေး အင်အား စုက လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ကြောင်း အဆိုပါအဖွဲ့၏ တာဝန်ခံ ရဲဘော်ကျော်ကြီးက ပြောဆိုသည်။
စက်တင်ဘာလ ၁၀ ရက်နေ့ ညနေ ၅ နာရီအချိန် မကွေးတိုင်း၊ နတ်မောက် မြို့၊ စိုင်ကောင်းရဲစခန်း ရှိ စစ်ဆေးရေးဂိတ် – ဘန်ကာများတည်ထားရာနေရာ ကို လက်ပစ်ဗုံးဖြင့် OPRF – PLA အဖိနှိပ်ခံပြည်သူ့တော်လှန်ရေးအင်အားစု က ဝင်ရောက်ပစ်ခတ်ဖောက်ခွဲခဲ့ကြောင်း၊ အဆိုပါ ပစ်ခတ်ဖောက်ခွဲမှုတွင် အထိအခိုက် အတိအကျ မသိရှိရသေးကြောင်း သိရသည်။
ပစ်ခတ်တိုက်ခိုက်မှုအပြီး OPRF – PLA အဖိနှိပ်ခံပြည်သူ့ တော်လှန်ရေး အင်အားစု မှ ဝင်ရောက်ပစ်ခတ်ဖောက်ခွဲခဲ့သည့် ရဲဘော်များအားလုံး အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာလာနိုင်ခဲ့ကြောင်း သိရသည်။