သြဂုတ်လ ၁၅ရက်နေ့က ကျောင်းသားလက်ရုံးတပ်တော် (SAF) နှင့် သရက်ခရိုင်တပ်ရင်း – ၄ (Eagle Force) ၊ လွတ်မြောက်ရေးအင်အားစုစစ်သည်များတပ်ဖွဲ့ (W.O.L.F) တို့ပူးပေါင်း၍ မကွေးတိုင်း၊ မင်းတုန်းမြို့နယ် အနီးရှိ မင်းတုန်းမြို့ဝင် ၅မိုင်ဂိတ်စခန်းအား ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ကြပြီး ၁ နာရီဝန်းကျင်ခန့် အပြန်အလှန် ထိတွေ့ပစ်ခတ်မှု ဖြစ်ခဲ့သည် ။ ရန်သူစခန်းအား သိမ်းပိုက်နိုင်ရန် ကြိုးပမ်းခဲ့သော်လည်း လက်နက်ခဲယမ်း ချို့ယွင်းမှုတချို့ကြောင့် မအောင်မြင်ခဲ့ပေ ။
ရန်သူစကစ ဘက်မှ ၆ဦး မျက်မြင် ကျဆုံးခဲ့ပြီး အပြင်းအထန်ထိခိုက်ဒဏ်ရာ ရရှိမှုများရှိခဲ့သည် ။ တိုက်ပွဲ၌ ရန်သူမှ စက်လက် ၊ ၄၀မမများ နှင့် ပြန်လည်ပစ်ခတ်မှုများရှိသော်လည်း မိမိတို့ မဟာမိတ်ပူးပေါင်းတပ်များမှ အထိအခိုက်မရှိပြန်လည် ဆုတ်ခွါနိုင်ခဲ့ကြောင်း ကျောင်းသားလက်ရုံးတပ်တော် သတင်းပြန်ကြားရေးနှင့် စစ်မှတ်တမ်းထိန်းသိမ်းရေးဌာနမှ သတင်းရရှိပါသည်။