အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ မကွေးတိုင်း၊ အမှတ်(၁)စစ်ဒေသ၊ မကွေးခရိုင် ကွပ်ကဲရေးရုံး၊ သင်တန်းရေးရာဌာနကနေ အပတ်စဥ်(၁) အခြေခံ စစ်ပညာသင်တန်း ဆင်းပွဲအခမ်းအနား ပြုလုပ်ခဲ့တယ်လို့ ဒီနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
မှတ်(၁)စစ်ဒေသ၊ မကွေးတိုင်းကွပ်ကဲရေးရုံးရဲ့ ထုတ်ပြန်ချက်မှာ အဆိုပါသင်တန်းကို ဖေဖော်ဝါရီ ၂၃ရက်မှာ စတင်ဖွင့်လှစ်တာဖြစ်ပြီး မတ် ၁၀ ရက်မှာ သင်တန်းဆင်းပွဲပြုလုပ်ခဲ့တာလို့ အသိပေး ထားပါတယ်။
သင်တန်းဆင်းပွဲ အခမ်းအနားကို မကွေးတိုင်း ပကဖတာဝန်ခံ ၊ အမှတ်(၁)စစ်ဒေသ မကွေးတိုင်း ကွပ်ကဲရေးရုံး ရေးတာဝန်ခံတို့ တက်ရောက်ခဲ့ကြပြီး အလေးပြုခြင်း၊ သစ္စာတော်ခံယူခြင်း၊ သင်တန်းဆင်းမိန့်ခွန်း ပြောကြားခြင်း၊ ဆုပေးခြင်း အစီအစဥ်တွေနဲ့ ကျင်းပပြုလုပ်ခဲ့ပြီး အခမ်း အနားကို အောင်မြင်စွာ ပြီးဆုံးခဲ့တယ်လို့ ဆိုပါတယ်။
အမှတ်(၁)စစ်ဒေသ၊ မကွေးတိုင်းအတွင်း ခရိုင်ကွပ်ကဲရေးရုံးတွေအလိုက် သင်တန်းတွေ ဖွင့်လှစ်လျှက်ရှိပြီး မကွေးခရိုင်ကွပ်ကဲရေးရုံးအနေနဲ့ ပထမဆုံး အပတ်စဉ်ကို အောင်မြင်စွာ ဖွင့်လှစ်ပြီးစီးနိုင်ခဲ့တာဖြစ်ပြီး နောက်ပိုင်းမှာလည်း သင်တန်းတွေ ထပ်မံဖော်ဆောင်သွားဖို့လည်း စီစဉ်ဆောင်ရွက်လျှက်ရှိတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။