မကွေးတိုင်း၊မကွေးမြို့ အရှေ့ခြမ်းတနေရာမှာ အကြမ်းဖက်စစ်တပ်က ဂိတ်ချပြီး ပေါ်တာစွဲနေချိန် ကြိုးကြာနီ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့မှ လမ်းလုံခြုံရေး ဆောင်ရွက်ကာ ပြည်သူများကို လမ်းလွှဲ ပေး ခဲ့တယ်လို့ ပြောပါတယ်။
“အကြမ်းဖက်စစ်တပ်က အရှေ့ နားမှာ ဂိတ်ချပြီး ပေါ်တာစွဲနေတာ၊ ကျနော်တို့အဖွဲ့ ရောက်တော့ သူတို့ ရှေ့ဆက်မတိုးတော့ဘူး၊ ကျနော်တို့တပ်ဖွဲ့က လမ်းပိတ်ပြီး လမ်းသွားပြည်သူများကို လမ်းလွှဲမှ ရှောင်ကွင်းသွားခိုင်းခဲ့တယ်” လို့ ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ်ရင်း (၇) ကြိုးကြာနီ တပ်ရင်းမှ သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ ဂျူနီယာထန်ထွဋ်က ပြောပါတယ်။
မကွေးအရှေ့ခြမ်း တနေရာမှာ အကြမ်းဖက်စစ်တပ်မှ ဂိတ်ချပြီး ပေါ်တာစွဲနေတဲ့ အတွက် မေ ၄ ရက်မှာ ဗိသာနိုးပြည်သူ့ကာကွယ် ရေး တပ်တော်မှ လမ်းလုံခြုံရေး ဆောင်ရွက်ခဲ့ကာ ပြည်သူများကို အသိပေး ခဲ့တယ်လို့ ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ်ရင်း (၇) ကြိုးကြာနီ တပ်ရင်းမှ သတင်းနှင့်ပြန်ကြားရေးက ပြောကြားပေးခဲ့ပါတယ်။
ဒီလုပ်ဆောင်မှုကို ကြိုးကြာနီ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ပြည်သူ တွေကို မေတ္တာရပ်ခံခဲ့ပြီး၊ ခဏတားဆီးပေးခဲ့တဲ့ သဘော ဖြစ်တယ် လို့ ဖော်ပြထားပါတယ်။