မကွေးတိုင်း၊ မကွေးမြို့ရှိ အကြမ်းဖက် စစ်တပ်၏ လေတပ်စခန်းကို ၁၀၇ မမ ရှော့ တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ဆီဂိုဒေါင်ထိမှန်ပေါက်ကွဲခဲ့ပြီး သေဆုံးထိခိုက်မှုများရှိကြောင်း မကွေး ခရိုင်အမှတ် ၂ တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ယနေ့ ဇူလိုင်လ ၁၇ ရက် နံနက်အစောပိုင်း ၁ နာရီခန့်က မကွေးမြို့ပေါ်ရှိ အကြမ်းဖက်စစ်ကောင်စီ လေတပ်စခန်းကို ၁၀၇ မမ ရှော့တိုက်ဒုံး ၅ လဒံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ တစ်လုံးမှာ Error ဖြစ်ပြီး ကျန် ၄ လုံးမှာ လေတပ်စခန်းအတွင်းရှိ ဆီဂိုဒေါင်အပါအဝင် ပစ်မှတ်များကို ထိမှန်ပေါက်ကွဲခဲ့ကြောင်း၊ အကြမ်းဖက်စစ်သားများ ထိခိုက်သေဆုံးမှုရှိကြောင်း သိရသည်။
“ထပ်ဆင့်ပေါက်ကွဲတာတွေရှိတယ်၊ မီးသတ်ကားတွေ ဝင်သွားတာမျိုးတွေတော့ရှိတယ်၊ ဘယ်နေရာ မှာ ဘယ်လို ထိခိုက်ပျက်စီးမှုရှိတယ်ဆိုတော့ မသိရသေးဘူး” ဟု မကွေး ခရိုင်အမှတ် ၂ တပ်ရင်းမှ တာဝန် ရှိ သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
အဆိုပါတိုက်ခိုက်မှုကို MKCDF (Mountain Knights Civillians Defense Force) အဖွဲ့မှ ဦးဆောင်ကာ Brave Warrio Myanmar(BWM) ၊ မကွေးခရိုင် အမှတ် ၂ တပ်ရင်း၊ ငါးပြေမပြောက်ကျားတပ်ဖွဲ့၊ တောင်တွင်းကြီး ပကဖ တို့က ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။