စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ်၊ မင်းကင်းကံရွာမှာရှိတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ စခန်းကို ဝင်ရောက် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၄ ဦး သေဆုံးပြီဂ လက်နက်ခဲယမ်းတချို့ သိမ်းပိုက်ရရှိခဲ့ တယ်လို့ ပြည်သူ့တော်လှန်ရေးတပ်ဦး – PRF က ဒီနေ့မှာ ထုတ်ပြန်ထားပါတယ်။
မင်းကင်းမြို့နယ် ၊ မတောကျေးရွာကို အကြမ်းဖက်စစ်တပ်က ဗုံးကြဲတိုက်ခိုက်ပြီးခဲ့ပြီးနောက် (၁၀)ရက်အကြာမှာ ကျောင်းသားတော်လှန်ရေးတပ်ဖွဲ့ (S.R.F)၊ ပြည်သူ့တော်လှန်ရေးတပ်ဦး(P.R.F) နဲ့ Min Kin Local PDF Unionတို့ ပူးပေါင်းပြီး ကျစ်လစ်တဲ့စုဖွဲ့မှုနဲ့ မဟာမိတ် တပ်ပေါင်းစု စစ်ကြောင်းက ကံရွာစစ်စခန်းကို ဝင်ရောက်စီးနင်းတိုက် ခိုက်ခဲ့ကြတာပါ။
ဇွန်လ (၁၂)ရက်နေ့ မနက် ၄နာရီ ၅၀မီနစ်မှာ ဝင်ရောက်စီးနင်းပစ်ခတ်မှုစတင်ခဲ့ပြီး တိုက်ပွဲကြာချိန် (၁၅)မိနစ်ခန့်မှာပဲ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတပ်ဖွဲ့ဝင်အားလုံးဟာ စ၊စ်စခန်းကို စွန့်ခွာထွက်ပြေးသွားကြတယ်လို့ ပြည်သူ့တော်လှန်ရေးတပ်ဦး(P.R.F)က ထုတ်ပြန်ပါတယ်။
“ရန်သူ့တပ်ဖွဲ့ဝင် စစ်ကောင်စီတပ်သား(၁)ဦးနဲ့လက်နက်ကိုင်ပျူစောထီး (၃)ယောက်သေဆုံးပြီး ရန်သူ(၅)ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး မဟာမိတ်တပ်ပေါင်းစုစစ်ကြောင်းက ပြည်သူ့ရဲဘော် တွေကတော့ အထိအခိုက်မရှိဘဲ ရန်သူ့လက်နက်ခဲယမ်းတို့ကိုပါ သိမ်းပိုက်ရရှိခဲ့တယ်”လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အဲ့ဒီကံရွာစစ်စခန်းသိမ်းတိုက်ပွဲမှာ Carbine တလက်၊Carbine ကျည်ဘောက် (၃)ခု၊(.30)ကျည် (၂၅၉)တောင့်၊5.56(ကပစ)(၄၀တောင့်၊7.62(ကပစ)(၃၃၀)တောင့်၊ BA-63 ကျည်ဘောက်(၂)ခု၊ ရှေ့ထွက်မိုင်း (၃)လုံး၊နင်း မိုင်း (၇)လုံး၊လက်ပစ်ဗုံး(၁)လုံး၊Drone Jammer (၁)လုံးသိမ်းဆည်း ရမိခဲ့ပါတယ်။
ဆက်လက်ပြီး Drone နဲ့တိုက်ပွဲဖြစ်ပွားရာအနီးအနားမှ စစ်စခန်းများဖြစ်တဲ့ ကျေးတောင်ဦး နဲ့ မင်းကင်းမြို့တို့ကို ဆက်လက်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်ကောင်စီ တပ်သား (၂)ယောက် ထပ်မံထိခိုက်ဒဏ်ရာခဲ့တယ်လို့သိရပါတယ်။