စစ်ကိုင်းတိုင်း မင်းကင်းဒေသတွင် ဗကသများအဖွဲ့ချုပ်က ဦးဆောင်ပြီး “လူထုအာဏာအသက်သွင်းကြ” ခေါင်းစဉ်ဖြင့် စစ်အာဏာရှင် ဆန့်ကျင်ရေး လူထုဟောပြောပွဲကို ယနေ့ (ဖေဖော်ဝါရီ ၃) ပြုလုပ်ခဲ့ကြသည်။
ယင်းဟောပြောပွဲကို ဗကသများအဖွဲ့ချုပ်၊ ဗဟိုအမှုဆောင်အဖွဲ့နှင့် ဒေသစည်းရုံးရေးရဲဘော်များက ဦးဆောင်ပြီး တက်ရောက်လာသော ဒေသခံ ရဟန်းရှင်လူ၊ ကျောင်းသားလူထုနှင့် လက်နက်ကိုင်အဖွဲ့အစည်းအသီးသီးကို စစ်သုံးစစ် (စစ်အစိုးရ၊ စစ်အုပ်စု၊ စစ်ဗျူရိုကရက်ယန္တရား) တိုက်ဖျက်ရေးနှင့် ပတ်သက်၍ ရှင်းလင်းဟောပြော ဆွေးနွေးမှုများ လုပ်ဆောင်ခဲ့သည်။
အဆိုပါဟောပြောပွဲကို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) များနှင့် သက်ဆိုင်ရာ လက်နက်ကိုင်တပ်များကလည်း လူထုလုံခြုံရေးအတွက် ပူးပေါင်းဝန်းရံပေးခဲ့ကြသည်။