မင်းကင်းမြို့နယ် ကံရွာနှင့်ကျေးတောင်ဦးရွာရှိ ပျူစောထီးစခန်းကို တော်လှန်ရေးအဖွဲ့များက စီးနင်းတိုက်ခိုက်ခဲ့ရာ ပျူစောထီး ခုနှစ်ဦးထက်မနည်းသေဆုံးပြီး Non CDM ဆရာမနှစ်ဦးအပါအဝင် သုံးဦး အရှင်ဖမ်းမိထားကြောင်းသတင်းရရှိသည်။
ကံရွာနှင့်ကျေးတောင်ဦးရွာရှိ ပျူစခန်းကို ကျောင်း သားတော်လှန်ရေးတပ်ဖွဲ့ (SRF) နှင့်မဟာမိတ်တပ်ဖွဲ့များက ဩဂုတ်လ ၂၈ ရက်နေ့ နံနက်အစောပိုင်တွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။ သေဆုံး ထိခိုက်သောပျူများရှိသလို ထွက်ပြေးသွားသောပျူများလည်းရှိကြောင်းသိရသည်။
“ဒီနေ့ မနက် သတင်းအရ ကံရွာက ပျူခေါင်းဆောင် အောင်နိုင်လင်းသေတယ်။ စုစုပေါင်း ခုနစ်ယောက်သေတယ်။ ဒဏ်ရာတွေနဲ့ ထွက်ပြေးသူတွေ မင်းကင်းဆေးရုံမှ ကုနေတယ်” ဟု ၎င်းကဆက်ကပြောသည်။
တိုက်ပွဲသတင်းကို တော်လှန်ရေးအဖွဲ့များက သြဂုတ် ၂၉ ရက်အထိ တရားဝင် မထုတ်ပြန်သေးပါ။
People’s Spring က ရရှိထာသော သတင်းအရ တိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေးရဲဘော် သုံးဦး ဒဏ်ရာအနည်းရခဲ့ကြောင်းသိရသည်။ ထို့အပြင် အဆိုပါ ပျူစခန်းကို ဖျက်ဆီးခဲ့ပြီး သေနတ်လေးလက်နဲ့ ကျည်ဆန် သုံးရာထက်မနည်း သိမ်းဆည်းနိုင်ခဲ့သည်ဟု ဒေသခံPDF တစ်ဦးကပြောသည်။