ချင်းပြည်နယ်၊မင်းတပ်မြိုနယ် တိုက်နယ် အမှတ် ၄ ဘက် ကျေးရွာတစ်ရွာပေါ်သို ဂျက်လေယာဉ်တစ်စင်း ဖြင့် မနေ့ ဇွန် ၂၈ရက် မနက် ၁၀:၅၀ အချိန်တွင် ဗုံး၂လုံး ကြဲချသွားတယ်လို သိရပါတယ်။
ဒါကြောင့် ပြည်သူနေအိမ်တစ်လုံးနဲ့ ငါးကန်ထိခိုက်ပျက်စီးသွားပါတယ်။ လေကြောင်းတိုက်ခိုက်ပြီး မခင်ကြာမှာပဲ ယင်းရွာကို မင်းတပ် ၂၇၄ တပ်ရင်းမှ၁၂၀ မမလက်နက်ကြီးဖြင့် ၁၀ ကြိမ်ခန့် ရမ်းသမ်းပစ်ခတ်သောကြောင့်
ဘုန်းကြီးကျောင်း ထိမှန်ပျက်စီးတယ်လိုသိရတယ်။
နေ့လည် ၁ နာရီခန့် တွင် မင်းတပ်မြိုနယ်ရှိ တိုက်နယ် ၂ ဘက်သို ၂၇၄ တပ်ရင်းမှ ၁၂၀မမ
လက်နက်ကြီးဖြင့်အကြောင်းမဲ့ ၃ ကြိမ် ထပ်မံပစ်ခတ်ခဲ့ပါတယ်။ နေအိမ်များထိခိုက်ပျက်ဆီးသော်လည်း အရပ်သားထိခိုက်မှုမရှိပါ။