ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်တွင် စက်တင်ဘာလအတွင်း CDF မင်းတပ်နဲ့ စစ်ကောင်စီတို့ တိုက်ပွဲပေါင်း ၅ ကြိမ်ဖြစ်ပွားပြီး စစ်ကောင်စီဘက်မှ တပ်ဖွဲ့ဝင် ၄ ဦး သေဆုံးကာ၊ ၉ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ CDF မင်းတပ်က အောက်တိုဘာ ၁ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
စက်တင်ဘာလ ၇ ရက်နေ့ မင်းတပ်မြို့တွင်း ဘဝသစ်ရပ်ကွက် ပစ်ခတ်မူတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦး သေဆုံးပြီး ၇ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။
အလားတူ စက်တင်ဘာလ ၁၃ ရက်နေ့ ၅ မိုင် တက္ကသိုလ်ဝန်း ပစ်ခတ်မူတွင် CDF(မင်းတပ်)တပ်ဖွဲ့ဝင် ၁ ဦး ကျဆုံးကာ၊ ၁ ဦး ထိခိုက်ဒဏ်ရရှိခဲ့တယ်လို့ သိရပါတယ်။
CDF (မင်းတပ်)ပူးပေါင်းတပ်ဖွဲ့တို့က စက်တင်ဘာလ ၁၈ ရက်နေ့ မကွေးတိုင်း၊ ကျော့ဒေသ ပစ်ခတ်မူတွင် စစ်ကောင်စီရဲ့ လက်နက်ခဲယမ်းများ သိမ်းဆည်ရမိခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် စက်တင်ဘာလ ၂၄ ရက် မြို့တွင်း ပစ်ခတ်မူတွင် စစ်ကောင်တပ်ဖွဲ့ဝင် ၂ ဦး ထပ်မံ သေဆုံးပြီး၊ စက်တင်ဘာလ ၂၆ ရက်နေ့ တိုက်ပွဲနဲ့ ၂၉ ရက်နေ့ မြို့တွင်း တိုက်ပွဲတွင် စစ်ကောင်စီက လက်နက်ကြီး ပစ်ခတ်မူကြောင့် ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရှိရပါတယ်။
မင်းတပ်မြို့နယ်တွင် စက်တင်ဘာလ အတွင်း စစ်ကောင်စီက အပြစ်မဲ့ပြည်သူ ၆၀ ဦး ဖမ်းဆီးခဲ့ပြီး ၅၀ ဦးအား ပြန်လွတ်ပေးခဲ့သော်လည်း ၁၀ ဦးမှာ ပြန်လွတ်ပေးခြင်း မရှိသေးကြောင်း ထုတ်ပြန်ချက်အရ သိရှိရပါတယ်။