ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်အတွင်းမှာ မူးယစ်ဆေး၀ါးနဲ့ အရက်သေစာများ လျော့နည်းကင်းစင်ရေးအတွက် (CDF _ Mindet) ချင်းကာကွယ်ရေး တပ်ဖွဲ့မှ ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့(မင်းတပ်)နဲ့ အတူ ပူးပေါင်း ဆောင်ရွက်နေတယ်လို့ သိရှိရပါတယ်။
မင်းတပ်မြို့နယ်အတွင်း အချို့နေရာများမှာ မူးယစ်ဆေး၀ါး နဲ့ အရက်သေစာသောက်စားမှုများ ၊ တရားမ၀င်သယ်ဆောင် ရောင်းချခြင်းများကို သိရှိနေရတယ်လို့ (CDF – Mindet) ချင်းကာကွယ်ရေး တပ်ဖွဲ့ သတင်းနှင့်ပြန်ကြားရေး ဌာနမှ ယနေ့ ရက်စွဲနဲ့ ထုတ်ပြန်ထားပါတယ်။
မင်းတပ်မြို့နယ်အတွင်း မူးယစ်ဆေး၀ါးနဲ့ အရက်သေစာ လျော့နည်းကင်းစင်ရေးအတွက် မင်းတပ်မြို့ ပြည်သူများမှ ပူးပေါင်း ပါ၀င်ပေးကြရန်နဲ့ တရားမ၀င် ခိုးယူသယ်ဆောင်ခြင်းများ တွေ့ရှိပါက ချင်းကာကွယ်ရေး တပ်ဖွဲ့မှ ထိရောက်စွာ အပြစ်ပေး အရေးယူဆောင်ရွက်မယ်လို့ ထုတ်ပြန်ထားပါတယ်။