ရက္ခိုင်ပြည်နယ်၊ မင်းပြားမြို့ကို စစ်ကူလာတဲ့ အကြမ်းဖက် စစ်တပ်ကို AAက ဖြတ်တောက်ချေမှုန်းနိုင်ခဲ့တယ်လို့ ရက္ခိုင့်တပ်တော် AAက ဒီနေ့ ညပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၀ရက်က မင်းပြားမြိုသို စစ်ကူတက်လာသော အကြမ်းဖက် စစ်ကောင်စီတပ်ရဲ့ တပ်မ (၂၂) လက်အောက်ခံ ခမရ (၂၀၅) တပ်ရင်းကို ရက္ခိုင့်တပ်တော်က ဖြတ်တောက် တိုက်ခိုက်ချေမှုန်းနိုင်ခဲ့ပြီး ရန်သူ့အလောင်းတွေနဲ့ လက်နက်ခဲယမ်းအချို့ကို သိမ်းဆည်းရရှိခဲ့တယ်လို့ ဖော်ပြပါတယ်။
ဒါ့အပြင် ရန်သူရဲ့ Y8 လေယာဉ်ပေါ်က ချပေးတဲ့ ထောက်ပိုပစ္စည်းတွေကိုလည်း ရက္ခိုင့်တပ်တော်က သိမ်းပိုက်ရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။