မင်းပြားမာ ဒေနိ (ဒီဇမ်ဘာ ၂၅ ရက်နိ)နိခင်းက စစ်ကောင်စီတပ် ထောင်ထားရေ မိုင်းကို နင်းမိလို့ ပေါက်ကွဲမှုဖြစ်ပြီးကေ မြို့ခံတယောက် ခြီထောက်တဖက်ပြတ်ထွက်လားကြောင်းသိရပါရေ။
ခြီထောက်ပြတ်ထွက်လားသူမာ မင်းပြားမြို့၊ အောက်ရွာပိုင်းရပ်ကွက်က ကိုချင်း (၄၀ နှစ်) ဖြစ်ပါရေ။
ကိုချင်းစွာ ဒေနိနိခင်း ၁ နာရီခွဲလောက်က မင်းပြား၊ရီတံခွန်သိင်္ဂုတ္တရကျောင်းသစ်အထက် ကျိန်းတောင်တက်လမ်းဟိ သီဝလိဇရပ်ဖက်ကို လားခရာမာ စစ်ကောင်စီတပ်ထောင်ထားရေ မိုင်းနင်းမိခစွာလို့ မြို့ခံတိက ပြောပါရေ။
ယင်းမိုင်းပေါက်ကွဲမှုကြောင့် ကိုချင်း၏ ညာဖက်ခြီထောက်မာ ခြီမျက်စိအထက်ကနီပနာ လုံးဝပြတ်ထွက်လားရေပိုင် ခန္ဓာကိုယ်အနှံ့မာလည်း ဒဏ်ရာတိရလားခရေလို့ ဆိုပါရေ။
လက်ဟိမာ ကိုချင်းကို မင်းပြားဆီးရုံသို့ ပို့ဆောင်ထားပြီးကေ အရေးပေါ် ဆီးကုသမှုခံယူလို့ဟိကြောင်း သိရပါရေ။