မင်းပြားမြို့နယ်မာ ဂျန်နဝါရီ ၁၄ ရက်နိ၊ ညည့်ခါက စစ်ကောင်စီတပ် လက်နက်ကြီးနန့်ပစ်လို့ အချေတယောက် ဒဏ်ရာ ပြင်းပြင်းထန်ထန် ရလားခပါရေ။
ဒဏ်ရာရလားခရေအချေကတော့ မင်းပြားမြို့နယ်၊ ဆင်ကြီးပြင် (မူဆလင်)ရွာက အူမာဟိုက်၏သား အူနာရှာ (၇ နှစ်) ဖြစ်ပါရေ။
ဂျန်နဝါရီ ၁၄ ရက်နိ ညည့် ၁၁ နာရီကျော်လောက်က မင်းပြားအခြီစိုက် စစ်ကောင်စီတပ် ခမရ ၃၇၉ တပ်ရင်းက ပစ်ခတ်လိုက်တေ လက်နက်ကြီးကျည်တလုံးစွာ ဆင်ကြီးပြင်ရွာဟိ အူမာဟိုက်၏ အိမ်နားမာကျရောက်ပေါက်ကွဲပနာ သူ့သားဖြစ်သူ အူနာရှာ၏ညာဖက်ခြီထောက်ကို လက် နက်ကြီးအစတိထိမှန်လားခပြီးကေ ဒဏ်ရာပြင်းပြင်းထန် ထန်ရလားရေလို့ ရွာသားတိက ပြောပါရေ။
လက်ဟိ ဒဏ်ရာရလားခရေ အချေစွာ ဆီးကုသမှုခံယူနီရရေလို့ သိရပါရေ။
ဂျန်နဝါရီ ၁၄ ရက်နိ နိခင်းကလည်း စစ်ကောင်စီတပ်နေဗီက လက်နက်ကြီးနန့်ပစ်ခတ်လို့ မင်းပြားမြို့နယ်၊ ကျားရဲပြင်ရွာက ဒေသခံ ၄ ယောက် ထိခိုက်ဒဏ်ရာရလားခသိမ့်ပါရေ။