ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်မှာ အကြမ်းဖက် စစ်တပ်ရဲ့ နောက်ထပ် စစ်သင်္ဘော တစ်စီးကို နစ်မြှုပ်တဲ့အထိ AAက တိုက်ခိုက်ချေမှုန်းနိုင်ခဲ့တယ်လို့ မြောက်ပိုင်း ညီနောင်မဟာမိတ် ၃ဖွဲ့က ထုတ်ပြန်ပါတယ်။
Operation 1027” ၁၀၂၇ စစ်ဆင်ရေး (၁၀၉) ရက်မြောက်နေ့တိုက်ပွဲသတင်းထုတ်ပြန်ချက်မှာ အဲဒီလို ဖော်ပြခဲ့တာပါ။
မနေ့က ဖေဖော်ဝါရီ (၁၂) ရက်နေ့မှာ မင်းပြားမြို့နယ်အတွင်းမှာ နောက်ထပ်စစ်သင်္ဘော (၁) စီးကို ထပ်မံပြီး တိုက်ခိုက်နှစ်မြှုပ်နိုင်ခဲ့တာလို့ ဖော်ပြခဲ့ပါတယ်။
အဲဒီ စစ်သင်္ဘော တစ်စီးနဲဆိုရင် AAတိုက်လို့ ပင်လယ်ပြင်အတွင်း နစ်မြှုပ်ခဲ့တဲ့ စစ်သင်္ဘောတွေဟာ ၆ရက်အတွင်း ၄စီးအထိရှိလာပြီ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ (၇ရက်နဲ့ ၈) ရက်နေ့တွေမှာအကြမ်းဖက် စစ်ကောင်စီရဲ့ စစ်ရေယာဉ်၊ စစ်သင်္ဘော (၃) စီးကို မြစ်ထဲမှာ အပြတ်အသတ်ချေမှုန်းတိုက်ခိုက်နိုင်ခဲ့ပြီး စစ်သင်္ဘော ၄စီးကို ပျက်စီးအောင် တိုက်ခိုက်နိုင်ခဲ့တယ်လို့ ရက္ခိုင့်တပ်တော် (AA)ကအသိပေးထားပါတယ်။
ဒါဟာ ရက္ခိုင့်ပြင်လယ်ပြင်ရဲ့ ပထမဆုံး အောင်ပွဲလို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။