ပဲခူးတိုင်း၊ မင်းလှမြို့နယ်တွင် တိုင်းစစ်သားစုဆောင်းရေး တာဝန်ခံ ဗိုလ်ကြီး မျိုးဆန်းဝင်းသည် သူ၏ မယားငယ်အိမ်သို့သွားစဉ် ပစ်ခတ်ခံရပြီး သေဆုံးသွား ကြောင်း သာယာ၀တီဂဠုန်တပ်ဖွဲ့မှ တာဝန်ရှိသူက ပြောဆိုသည်။
အောက်တိုဘာလ ၂၉ ရက်နေ့ နံနက် ၈ နာရီ ၄၅ မိနစ်အချိန် ပဲခူးတိုင်း စစ်သားစု ဆောင်းရေး တာဝန်ခံ ဗိုလ်ကြီးမျိုးဆန်းဝင်းသည် ဇရစ်ချောင်း ကျေးရွာနှင့် ချောင်းနားကျေးရွာ အကြား ဆိုင်ကယ်ဖြင့် သွားနေစဉ် သာယာ ၀တီ ဂဠုန် တပ်ဖွဲ့နှင့် သာယာ၀တီခရိုင်တပ်ရင်း ၃၈၀၂ ၊ တပ်ခွဲ ၂ တို့က ပဲခူးတိုင်း နန်းထိုက်အောင် စစ်ဆင်ရေးအဖြစ် ပစ်ခတ်ခဲ့ကြောင်း၊ ပစ်ခတ်မှု ကြောင့် ပွဲချင်းပြီး သေဆုံးသွား ကြောင်း သိရှိရသည်။
“သူ့မယားငယ်အိမ်သွားတာကို ကျနော်တို့က စောင့်ပစ်တာ။ ခေါင်းကို တစ် ချက်၊ ကိုယ်မှာလေးချက် ။ ပွဲချင်းပြီး သေတယ်” ဟု သာယာ၀တီ ဂဠုန်တပ် ဖွဲ့မှ တာဝန်ရှိသူက ပြောဆိုသည်။
ဗိုလ်ကြီးမျိုးဆန်းဝင်းသည် ပဲခူးတိုင်းတွင် တပ်သားသစ် စုဆောင်းခြင်း ပျူစော ထီး အဖွဲ့များ ဖွဲ့စည်းရန် လိုက်လံစည်းရုံးခြင်း၊ ပြည်သူကို ခြိမ်းခြောက် ငွေညှစ် ခြင်းများ လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။