ပဲခူးတိုင်း၊ မင်းလှမြို့နယ်၊ စမ်းဘုတ်ကျေးရွာ စစ်ကောင်စီခန့် ယာယီအုပ်ချုပ်ရေးမှူး တင်ဦးကို ပစ် ခတ်ရှင်းလင်းခဲ့ရာ သေဆုံးသွားကြောင်း မင်းလှမြိုနယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံမှ သိရသည်။
ယမန်နေ့ ဒီဇင်ဘာလ ၁၉ ရက်နေ့ ည ၇ နာရီခန့်အချိန် မင်းလှမြို့နယ်၊ စမ်းတောင်ကွေ့ရွာထိပ် စမ်းဘုတ် ရွာ ယာယီအုပ်ချုပ်ရေးမှူး တာဝန်ယူထားသော ပျူစောထီး တင်ဦးကို မင်းလှမြို့နယ်ပြည်သူ့ ကာ ကွယ် ရေးတပ်ဖွဲ့ဝင်များက သေနတ်ဖြင့် ၃ ချက် ပစ်ခတ် ရှင်းလင်းရာ နေရာမှာသေဆုံးသွားကြောင်း သိရသည်။
သေဆုံးသူ ပျူစောထီး တင်ဦးသည် တော်လှန်ရေးရဲဘော်များ၏ လှုပ်ရှားသွား လာမှုများကို အ ကြမ်းဖက် စစ်တပ်ထံ သတင်းပေး တိုင်ကြားခြင်း၊ ရိုးသားစွာ လုပ်ကိုင်စားသောက်နေကြသည့် ပြည်သူများကို မမှန်မကန် လီဆယ်တိုင်တန်းကာ ဖမ်းဆီးခိုင်းခြင်း၊ တော်လှန်ရေးတပ်ဖွဲ့ဝင်များ၏ စခန်းကို သတင်းပေးခြင်းလုပ်ဆောင်ခဲ့ပြီး အကြိမ်ကြိမ်တားမြစ်သော်လည်း လိုက်နာခြင်းမရှိသဖြင့် ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။