မင်းလှမြို့နယ်၊ စစ်ကွင်းမြို့၊ ဝက်လှကလေးကျေးရွာမှ ကျည်ပြီးသည်ဟု နာမည်ကြီးနေသော စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဇော်လွင်ဆိုသူကို အမည်မသိသေနတ်သမားတစ်ဦး၏ ပစ်ခတ်ခံရမှုကြောင့် ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်လိုက်ရကြောင်း ဒေသခံပြည်သူ များကပြောသည်။
ဇန်နဝါရီ ၂၇ ရက်နေ့ နေ့လယ် ၃ နာရီခန့်က စစ်ကွင်းမြို့၊ ကြို့ကုန်းရွာသစ်ကျေးရွာ လောင်းကစားဝိုင်းမှ ပြန်လာသော အုပ်ချုပ်ရေးမှူး ဇော်လွင်ဆိုသူကို ဝက်ကလေးရွာထိပ်၌ သေနတ်ဖြင့် သုံးချက်ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။
“ရန်ကုန်ဆေးရုံကြီးမှာ အခု။ သူ့မှာ ကျည်ပြီးတယ်ဆိုတဲ့ အဆောင်ရှိတယ်ဆိုပြီး စမ်းပစ်ခိုင်းတာ ကျည်မထွက်ဘူးလို့ နံမည်ကြီးနေတာ။ သူက စစ်ကွင်းက နာမည်ကြီး ပျူခေါင်းဆောင်”ဟု မင်းလှမြို့နယ်မှ ဒေသခံပြည်သူတစ်ဦးက လူထုနွေဦးသတင်းဌာနသို့ ပြောသည်။
ပစ်ခတ်ခံရမှုကြောင့် အုပ်ကြီးဇော်လွင်၏ မျက်နှာတွင် တစ်ချက်၊ လက်တွင်တစ်ချက် ထိမှန်ခဲ့ရာ ရန်ကုန်ဆေးရုံကြီးသို့ အရေးပေါ်ပို့ဆောင်လိုက်ရကြောင်း ၎င်းက ဆက်ပြော သည်။
အဆိုပါ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးနှင့် ပျူစောထီးခေါင်းဆောင်ဟုဆိုသူ ဇော်လွင်သည် စစ်ကောင်စီတပ်သားများ၊ ရဲများနှင့် လိုက်ပါ၍ ကား၊ ဆိုင်ကယ်များဟလိုင်စင်ဖမ်းဆီးရာတွင် ပါဝင်ခြင်း၊ လှည့်ကင်းထွက်ရာတွင် ပြည်သူ့စစ်ယူနီဖောင်းဝတ်၍ လိုက်ပါခြင်းများ ပြုလုပ်လြေရှိကြောင်း စုံ စမ်းသိရသည်။
အမည်မသိသေနတ်သမား၏ ပစ်ခတ်ခံရမှုကြောင့် ကျည်နှစ်ချက်ထိမှန်ခဲ့သော အုပ်ချုပ်ရေးမှူးဇော်လွင်၏ ကျန်းမာရေးအခြေအနေအား အကတိအကျ မသိရသေးပေ။