ကရင်နီပြည်နယ်တိုက်ပွဲအတွင်းပြီးခဲ့တဲ့ မေ ၂၀ ရက်က သေဆုံးသွားတဲ့ ခမရ ၅၁၇ တပ်မက ဗိုလ်ကြီးမျိုးသီဟ မှာ အလောင်းတောင်ပြန်မရခဲ့ဘူးလို့ မိသားစုအတွင်းသတင်းရင်းမြစ်ဆီက သိရပါတယ်။
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းပွန်မြို့အခြေစိုက် ခြေမြန်တပ်ရင်း ၅၁၇ တပ်ကဗိုလ်ကြီးမျိုးသီဟဟာ ပြီးခဲ့တဲ့ ၂၀၂၃၊ ဖေဖော်ဝါရီလပိုင်းက မင်္ဂလာဆောင်ခဲ့သူလို့လည်း သိရပါတယ်။
“သိရသလောက်တော့ မင်္ဂလာဆောင်ပြီးတော့ ခွင့်တောင် သိပ်မရလိုက်ဘူး။ ရှေ့တန်း ထွက်ခိုင်းတာလို့သိရတယ်။ အခု နာရေးကတော့ တပ်ထဲမှာ အလောင်း ပြန်မရဘဲ လုပ်လိုက်ရတယ်” လို့ အတွင်းသတင်းရင်းမြစ်ကပြောပါတယ်။
ကရင်နီပြည်နယ်အတွင်း တိုက်ပွဲမှာ သေဆုံးသွားကာ အလောင်း ပြန်မရဘဲ စစ်တပ်က၎င်းအိမ်ကိုအကြောင်းကြားခြင်းဖြစ်ကြောင်း မိသားစုနဲ့နီးစပ်တဲ့ သတင်းရင်းမြစ်ဆီက သိရတာပါ။