အကြမ်းဖက်စစ်ကောင်စီက မတရား ဖမ်းဆီး အကျဥ်းချ ထားတဲ့ နိုင်ငံရေးအကျဥ်းသားများထဲမှ အခုလ ထောက်ပံ့မှုအဖြစ် နိုင်ကျဥ်း ၂၀ ဦးအတွက် တစ်ဦးကို ငွေကျပ် ၅သောင်း ပို့ဆောင် ပေးခဲ့တယ် လို့ မြန်မာနိုင်ငံလုံး ဆိုင်ရာ နိုင်ငံရေးအကျဥ်းသားများကွန်ရက်မှ သိရပါတယ်။
Political Prisoners Network-Myanmar (PPNM) ရဲ့ “ငွေငါး ထောင်လှူ ထောင်ဝင်စာကူ” ကဏ္ဍမှ ရငွေနဲ့ အကျဥ်းထောင် ၁၀ ခုမှာ မတရားအကျဥ်းချခံနေရတဲ့ နိုင်ငံရေး အကျဥ်းသား ၂၀ဦးကို ဇွန်လ တတိယအသုတ် အဖြစ် ပေးပို့ခဲ့တာပါ။
စေတနာရှင်များအနေနဲ့ နိုင်ငံရေးအကျဥ်းကျများကို စိတ်ခွန်အား၊ အာဟာရ ခွန်အား ပေးနိုင်ရန် မြန်နိုင်ကွန် ထံ အဖွဲ့ဝင်ပြီး၊ လစဥ် ငွေ ၅၀၀၀ ကျပ်မှ စကူညီထောက်ပံ့လို့ရတယ်လို့ ဆိုပါတယ်။
လစဥ် ၅ ထောင်ကူတဲ့သူ ၁၀ ဦးပေါင်းပြီး ယုံကြည်ချက်ကြောင့် အကျဥ်းကျနေသူများကို ငွေ ၅သောင်း လစဥ် ထောက်ပံ့ပေးလို့ ရတယ်ဆိုတာကို မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဥ်းသားများ အဖွဲ့ချုပ်မှ အသိပေးပြောကြားသွားပါတယ်။