တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်တွင် DDMSC၏ အဖွဲ့ဝင်အင်အားစုတစ်ခုဖြစ်သည့် LGBT Communityက ဦးဆောင်ပြီး စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး၊ လိင်စိတ်ခံယူမှု ကွဲပြားသူများအပေါ် ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများအား ဆန့်ကျင်သည့် လှုပ်ရှားမှု ယနေ့ (မေလ ၁၇) ညနေပိုင်းက ပြုလုပ်ခဲ့ကြသည်။
အဆိုပါသပိတ်တွင် ပြည်သူများက “မတူကွဲပြားမှုကို လက်ခံပြီး ခွန်အားအဖြစ် ပေါင်းစည်းကြ” ဘန်နာဖြင့် စစ်အာဏာရှင်စနစ်နှင့်အတူ မတူကွဲပြားသည့် လိင်စိတ်ခံယူမှုကွဲပြားသူများအပေါ် ရုပ်ပိုင်း စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ၊ ခွဲခြားဆက်ဆံမှုများကို ကန့်ကွက်ကြောင်း ချီတက်ဆန္ဒပြခဲ့ကြသည်။
ယင်းဆန္ဒပြ လှုပ်ရှားမှုကို ဒေသခံပြည်သူများ၊ အမျိုးသမီးများနှင့် လူငယ်အများအပြား ပူးပေါင်းပါဝင်ခဲ့ကြသည်။