ချင်းပြည်နယ် ၊ မတူပီမြို့နယ်တစ်ခုလုံးကို အကြမ်းဖက်စစ်ကောင်စီ ကင်းစင်နယ်မြေဖြစ်ရေး အတွက် အစွမ်းကုန်ကြိုးပမ်းလုပ်ဆောင်နေတယ်လို့ ချင်းညီနောင်မဟာမိတ်အဖွဲ့က ဒီနေ့ရက်စွဲနဲ့ ထုတ်ပြန်အသိပေးလိုက်ပါတယ်။
မတူပီ-ပလက်ဝလမ်းဘက်မှာရှိတဲ့ အကြမ်းဖက် စစ်ကောင်စီရဲ့ ခမရ ၃၀၄ တပ်စခန်းကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီးနောက် ကျန်ရှိနေတဲ့တပ်စခန်းများကို ဆက်လက်သိမ်းပိုက်ရန် ဖော်ဆောင်နေစဥ် စစ်ဆင်ရေးနှောင့်နှေးမှုများကြုံတွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။
ဖနိုင်-ငလိုင်ကျေးရွာကြားမှာရှိတဲ့ တောင်ကြောအနီးတဝှိက်မှာ မြေမြုပ်မိုင်းအများအပြား ရှိနေတယ်ဆိုတာနဲ့ ချင်းညီနောင်မဟာမိတ်အဖွဲ့က နယ်မြေရှင်းလင်းရေး မလုပ်ဆောင်နိုင်သေးခင် ကာလအထိ ယင်းနယ်မြေအတွင်း ဖြတ်သန်းသွားလာခြင်းများ မပြုလုပ်ကြဖို့အတွက်လည်း အသိပေးထုတ်ပြန်ထားပါတယ်။