ချင်းပြည်နယ်၊ မတူပီမြို့နယ်တွင် စစ်ကောင်စီ လက်အောက်ခံ ရဲတပ်ဖွဲ့မှ ဒု-ရဲအုပ် ချမ်းမြေ့အောင်အား ဇူလိုင်လ (၂၆)ရက်နေ့ စစ်ဆင်ရေးတစ်ခုတွင် လက်နက်၊ ခဲယမ်းများနှင့်အတူ အရှင်ဖမ်းမိကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့-မတူပီက ဇူလိုင်လ (၂၈)ရက်နေ့ ထုတ်ပြန်ထားသည်။
မတူပီ-ဟားခါး လမ်းမပေါ်ရှိ ဖနိုင်ကျေးရွာနှင့် မတူပီခရိုင်ရုံးကြား တစ်နေရာတွင် ဇူလိုင်လ (၂၆)ရက်နေ့ ညနေ (၃း၃၀)အချိန်ခန့်တွင် CDF မတူပီက စစ်ဆင်ရေးတစ်ခုပြုလုပ်ပြီး ယင်းစစ်ဆင်ရေးတွင် ခြောက်လုံးပြူးပစ္စတို (၁) လက်၊ လက်ပစ်ဗုံး(၂)လုံး၊ ကျည် (၅၈)ထောင့်နှင့်အတူ ဒု-ရဲအုပ် ချမ်းမြေ့အောင်အား အရှင်ဖမ်းမိသည်ဟု ဆိုသည်။
၎င်းစစ်ဆင်ရေးတွင် CDF မတူပီ ရဲဘော်များ အထိခိုက်မရှိဘဲ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့သည်ဟု ထုတ်ပြန်ချက်အရ သိရှိရသည်။