ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ ဝေလူးကျေးရွာကို စစ်တပ်က တိုက်လေယာဉ်ဖြင့် ဗုံးကျဲပစ်ခတ်မှုကြောင့် ကလေးငယ်များအပါအဝင် ပြည်သူ ၁၂ ဦးသေဆုံးကြောင်း ဒေသပြည်သူများက ပြောဆိုကြသည်။
နိုဝင်ဘာလ ၁၅ ရက်နေ့ ည ၇ နာရီ ၃၀ မိနစ်အချိန် မတူပီမြို့နယ်၊ ဝေလူးကျေး ရွာရှိ ကျောင်းအဆောက်အဦးနှင့် ခရစ်ယန်ဘုရားရှိခိုးကျောင်းကို တိုက် လေ ယာဉ်ဖြင့် ဗုံးကျဲပြီး လေယာဉ်ပေါ်မှ စက်သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း ၊ ထို သို့ ပစ်ခတ်မှုကြောင့် ကလေးငယ်များ အပါအဝင် အရပ်သား ၁၂ ဦးသေဆုံးကာ ဒဏ်ရာရသူများ များပြားကြောင်း သိရှိရသည်။
“စစ်ရေးလှုပ်ရှားတဲ့ AAနဲ့ CNA/CDF တွေကတောထဲမှာ။ အခုက ကျေးရွာကိုတမင်ဗုံးကျဲတာပါ။ လွန်ခဲ့တဲ့ နိုဝင်ဘာ ၁ရက်နေ့ကလည်း မကွီအိမ်နူးမြို့ ကို တစ်ရက်တည်း ၇ခါ ဗုံးကျဲလို့ အထက်တန်း ကျောင်းဆောင်၊ မက်ဒသစ် ဘုရားကျောင်း၊ ဗရက်စ် ဘုရားကျောင်း၊လူနေအိမ် ၂၀ကျော်ပျက်စီးတယ်။ လူသေဆုံးမှုတော့မရှိခဲ့ဘူး။ အခုကတော့ လူသေဆုံးမှုများတယ်။ သေဆုံးသူက ကျောင်း ဆရာရယ်။ ကလေး ၃ ယောက် ၊ လင်မယား ၂ ဦးနဲ့ ရွာသား ၆ ဦးပေါ့။ သေဆုံးသူတွေက ကိုယ်ခန္ဓာအပိုင်းစတွေ ဖြစ်သွားတော့ ဘယ်သူတွေဆိုတာ အတည်ပြု မရတော့ဘူး” ဟု ဒေသပြည်သူက ရှင်းပြသည်။
ဝေလူးကျေးရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်ရာတွင် လေယာဉ် ၂ စီးဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး လေယာဉ် ၁ စီးက ဗုံးကျဲချကာ အခြားလေယာဉ် တစ်စီး က စက်သေနတ်ဖြင့် ပစ်ခတ်ခြင်းဖြစ်ကြောင်း သိရှိရသည်။