မတူပီ – ဟားခါးလမ်းပိုင်းတွင် တပ်ချိန်းရန်လာသည့် စစ်ကောင်စီတပ်ကို စောင့်ကြိုတိုက်ခိုက်ရာ နှစ်ဦးသေဆုံးခဲ့ကြောင်း ချင်းပြည်ကာကွယ်ရေးတပ်-မတူပီ (CDF-Matupi)က သတင်းထုတ်ပြန်သည်။
ယမန့်နေ့ နံနက် ၄နာရီခန့်တွင် မတူပီ – ဟားခါးလမ်းပိုင်း၌ အင်အား ၇၀မှ ၈၀ခန့်ဖြင့် စစ်ကောင်စီတပ်စစ်ကြောင်း တက်လာစဉ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု CDFမှ တာဝန်ရှိသူကပြောသည်။
“မနက်ကပဲ ခလရ(၁၄၀)ကနေ ခရိုင်ရုံးကို တပ်ချိန်းဖို့ ထင်ပါတယ်။ အတိအကျတော့မသိပေမယ့် တပ်ချိန်းဖို့ ဖြစ်လိမ့်မယ်။ ခရိုင်ရုံးဘက်ကို အင်အား ၇၀၊ ၈၀လောက်နဲ့ တက်လာကြလို့ အဲ့မှာ ခရိုင်ရုံးနားမှာ ဝိုင်းတားပြီးတိုက်ပွဲဖြစ်ခဲ့တာ”ဟု CDF မတူပီမှ တာဝန်ရှိသူက ပြောသည်။
တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သား နှစ်ဦးသေဆုံးပြီး ငါးဦးဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။
အောက်တိုဘာ ၆ရက်ကလည်း မတူပီ – ဟားခါးလမ်းပိုင်းရှိ ခရိုင်ရုံးနှင့် ငလိုင်ကျေးရွာအနီးတွင်လည်း တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်သားနှစ်ဦး သေဆုံးခဲ့သည်။