မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ဆယ်ပယ်ရွာတွင် ယာဉ်ထိန်းရဲ တပ်ကြပ်ကြီး တစ်ဦးကို ပစ်ခတ်ရှင်းလင်း ခဲ့ရာ နေရာမှာပင်သေဆုံးသွားကြောင်း ယူနီကွန်း ပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ်သတင်း ဌာန ထံသို့ ပြောကြားသည်။
ယမန်နေ့မေလ ၂၇ ရက်နေ့ ညနေ ၄ နာရီခန့်က မတ္တရာမြို့ပေါ်တွင် တာဝန် ကျ နေသော ယာဉ်ထိန်း တပ် ကြပ်ကြီး အောင်ကျော်မျိုးသည် ဆယ်ပယ် ကျေးရွာရှိ ဇနီးဖြစ်သူထံသို့ မော်တော်ယာဉ်ဖြင့် ခွင့်မရဘဲ ခိုးပြန်လာ စဉ် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က နေအိမ်အတွင်းသို့ သွားရောက်၍ သေနတ်ဖြင့် ၈ ချက်ပစ်ခတ် ခဲ့ရာမှ သေဆုံးသွားခြင်းဖြစ်ကြောင်း သိရသည်။
“မတ္တရာကနေ သူ့မိန်းမဆီ ခိုးပြီးပြန်လာတာ၊ အိမ်ထဲမှာ မိသားစုတွေလည်း အကုန်တွေ့တယ်၊ သေနတ် အတိုရှိတယ်သတင်းရပေမယ့် မတွေ့ခဲ့ဖူး၊ ဖုန်းတစ် လုံးပဲ သိမ်းဆည်းခဲ့တယ်၊ ကျန်တာ ဘာမှ မယူခဲ့ဘူး၊ မိသားစုတွေကိုလည်း ဘာမှ မလုပ်ခဲ့ပါဘူး၊ သူ့ဖုန်းထဲကနေ စစ်တပ်၊ ရဲနဲ့ပတ်သက်တဲ့မှတ်တမ်းတွေ၊ ဓာတ်ပုံ တွေ့ထားတယ်၊ “ ဟု ယူနီကွန်းပြောကျားတပ်ဖွဲ့မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာန ထံသို့ ပြောကြားသည်။
ပစ်ခတ်ခံရပြီး သေဆုံးသွားသော တပ်ကြပ်ကြီး အောင်ကျော်မျိုးအလောင်းကို အကြမ်းဖက်စစ်တပ်၊ လက်အောက်ခံ ရဲတပ်ဖွဲ့က ဖောကား ၂ စီးဖြင့် လာ ရောက် ပြီး အလောင်းကို သယ်ယူသွားကြောင်း၊ ကျေးရွာအတွင်း၌ အကြောင်းမဲ့ သေနတ်ဖြင့် ပစ်ဖောက်ခြိမ်းခြောက်သွားသဖြင့် ကျေးရွာနေ ပြည်သူ များမှာ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို ယူနီကွန်း ပြောက်ကျားတပ်ဖွဲ့၊ phoenix sgg အဖွဲ့နှင့် စိန်းပန်းနီနီ drone အဖွဲ့တို့က ပူးပေါင်း လုပ်ဆောင် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။