မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ကန်နီပျူစောထီးရွာကို ဒရုန်း၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၁ ဦးသေဆုံးခဲ့ကြောင်း Special Air Raid Force မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
ဇန်နဝါရီလ ၁၆ ရက်နေ့ နံနက် ၉ နာရီ ၃၀ မိနစ်ခန့်တွင် မြိုင်မြို့နယ်၊ ကန်နီပျူစောထီးရွာကို တော်လှန်ရေး တပ်ဖွဲ့များက လက်နက်ကြီး၊ လက်နက်ငယ်၊ Rc Plane တို့ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ ယင်း တိုက်ခိုက်မှုအတွင်း ကန်နီပျူစောထီးရွာမှ ပျူစောထီး ၁ ဦး သေဆုံးခဲ့ပြီး စစ်သား ၁ ဦး ခြေထောက်ပြတ် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို Special Air Raid Force ၊ လျှပ်စီးပြောက်ကျားတပ်ဖွဲ့၊ နဂါးနီ(မြိုင်)၊ တမာမြေ ပြောက်ကျား၊ လင်းမြွေ၊ M ဒေါင်းနီ တပ်ဖွဲ့တို့က တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။