မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ မြွေတလိုင်းရွာကို ဒီနေ့မနက်မှာ အကြမ်းဖက်စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးပြီး ပြည်သူပိုင်ပစ္စည်းတွေကို ခိုးယူသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အကြမ်းဖက်စစ်တပ်က ဒီနေ့မနက် ၅ နာရီ ၃၀ မိနစ်ခန့်မှာ ကျောက်စေတီဘုရားနားမှာ စစ်ကားတစ်စီးထားပြီး ကျန်လေးစီးအင်အားဖြင့် မြွေတလိုင်းရွာကို ဝင်ရောက်ခဲ့ကာ ရွာထဲရှိ ပြည်သူပိုင် အိမ်တွေကို မွှေနှောက်ဖျက်စီးပြီး ပြည်သူနေအိမ် ၂လုံးကို မီးရှို့ ဖျက်စီးသွားတယ်လို့ Wetlet Information Network က ထုတ်ပြန်အသိပေးထားပါတယ်။
မြွေတလိုင်းရွာထဲရှိ ပြည်သူပိုင် ဆိုင်ကယ်တွေ အိမ်တွင်းပစ္စည်းတွေကိုလည်း အကြမ်းဖက်စစ်ကောင်စီတပ်က ကားပေါ်တင်ပြီး မတ္တရာမြို့ ခိုးယူသွားတယ်လို့ သိရပါတယ်။