မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ မွေပုံကျေးရွာကို စစ်တပ်က ယနေ့ တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ မီးရှို့ဖျက်ဆီးခဲ့ရာ အိမ်ခြေ ၅၀ ကျော်ပြာကျ သွား ကြောင်း ဒေသပြည်သူများက ပြောဆိုကြသည်။
စက်တင်ဘာလ ၈ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန် မြစ်အတွင်း သွားလာနေသော သံတွဲသင်္ဘော၊ စက်လှေနှစ်စင်း၊ သင်္ဘောအကြီးတစ်စင်း စုစုပေါင်း အင်အား ၅၀ ကျော်ဝန်းကျင်ဖြင့် ကမ်းကပ်ကာ မွေပုံကျေးရွာကို ဝင်ရောက်စီးနင်း မီးရှို့ဖျက် ဆီးသွားခြင်းဖြစ်ကြောင်း သိရှိရသည်။
“မွေပုံကျေးရွာ ကို စစ်တပ်က တိုက်ပွဲမရှိဘဲ အကြောင်းမဲ့ မီးရှို့သွားတယ်။ သံတွဲ သင်္ဘောနဲ စပိဘုတ် နှစ်စင်း။ ရိုးရိုးသင်္ဘော တစ်စင်း စုစုပေါင်းအင်အား ၅၀ ကျော် ၆၀ လောက် ဖြစ်မယ်။ နေအိမ်း အလုံး ၅၀ ကျော်လောက်ကို မီးရှို့ဖျက် ဆီးသွားပါတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
လက်ရှိတွင် စစ်တပ်စစ်ကြောင်းများက သင်္ဘောများ၊ စစ်ရေယာဉ်များဖြင့် သွားလာနေ၍ မြစ်ကမ်းနံဘေးရှိ ကျေးရွာများမှ ပြည်သူအားလုံး ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရှိရသည်။