နိုင်ငံရေးနဲ့ စစ်ရေး အဘက်ဘက်မှာ ရှုံးနိမ့်နေပြီး ပြည်သူလူထုကို အငြိုးအတေး အာဃတကြီးစွာထားပြီး တရားလက်လွတ်သတ်ဖြတ်တဲ့ စစ်ကောင်စီရဲ့ လုပ်ရပ်ဟာ လူသားမျိုးနွယ်အပေါ် ပြစ်မှုကျူးလွန်ခြင်းနဲ့ စစ်ရာဇဝတ်မှုတွေကို ဗြောင်ကျကျ ကျူးလွန်ခြင်းဖြစ်တယ်လို့ ညီနောင် မဟာမိတ် (၃) ဖွဲ့ ထုတ်ပြန်လိုက်ပါတယ်။
မနေ့ညက စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုမှာ လိုင်ဇာရှိ ရက္ခိုင့်တပ်တော် (AA) တပ်စခန်းတစ်ခုထဲကျရောက်ခဲ့ပြီး တပ်ဖွဲ့ဝင် ၁ ဦးကျဆုံးကာ ၁၀ ဦး ဒဏ်ရာရရှိခဲ့ကြောင်းလည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
ညီနောင်မဟာမိတ် (၃) ဖွဲ့ဟာ KIO/KIA နဲ့အတူ တစ်သွေးတည်း တစ်သားတည်း ရှိကြောင်းလည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
မနေ့ည အောက်တိုဘာလ ၉ ရက်နေ့ညနက်ပိုင်း ၁၁ နာရီခွဲလောက်မှာ လိုင်ဇာမြို့နဲ့ ၂ မိုင်ဝန်းကျင်အကွာအဝေးမှာရှိတဲ့ မုန်လိုင်ခက်ကျေးရွာရှိ စစ်ရှောင်စခန်းထဲလည်း ဗုံးကျရောက်ခဲ့ပြီး စစ်ရှောင်ပြည်သူ ၂၈ ဦး သေဆုံးခဲ့တာ ဖြစ်ပါတယ်။