မန္တလေးနှင့်စစ်ကိုင်း ကူးသန်းသွားလာနေသူများကို စစ်ကောင်စီမှ မှတ်ပုံတင်ပြခိုင်းပြီး ဖုန်းဆော့ဝဲနှင့်စစ်ဆေးနေကြောင်း အရေးပေါ်သတင်းတခုတွေ့ရှိခဲ့ပါတယ်။
စစ်ကိုင်း နှာပေါက်မှာ ယနေ့ အောက်တိုဘာ ၅ရက်နေ့ မနက်ပိုင်းမှစ၍အဝင်အထွက် လူတိုင်းကို မှတ်ပုံတင်စစ်ပြီး နံပါတ်ကို ဖုန်းထဲက software နဲ့ရိုက်ရှာပြီးတိုက်စစ်နေကြောင်း သိရပါတယ်။
“ကြည့်ရတာ ဖုန်းထဲမှာ CDM စာရင်းပါပုံရတယ်၊ အားလုံးသတိထားကြပါ၊ ဒီကောင်တွေက လူစိတ်ရှိတာမဟုတ်ဘူး”ဟု အစဟ်ခံရသူတစ်ဦးကပြောကြားခဲ့ပါတယ်။