မန္တလေးမြို့တွင် သပိတ်အင်အားစုမှ လူငယ်များက ဦးဆောင်၍ စစ်အာဏာရှင် ဆန့်ကျင်ရေး “တော်လှန်ရေမစိုသင်္ကြန်” ကို ယနေ့ (ဧပြီ ၁၁) နံနက်က ပြုလုပ်ခဲ့သည်။
ယင်းလူငယ်များက “အာဏာရှင်ကို တော်လှန်ရေမစိုသင်္ကြန်” စာသားကိုင်ဆောင်၍ စစ်အာဏာရှင်ကို ဆန့်ကျင်ကြရန်၊ စစ်ကောင်စီ၏ အတုအယောင်သင်္ကြန်ကို ရှောင်ရှားကြရန်နှင့် တော်လှန်သင်္ကြန် ဆင်နွှဲကြရန် လှုံ့ဆော်ဆန္ဒပြခဲ့ကြသည်။