မန္တလေးမြို့ ၊အောင်မြေသာစံမြို့နယ် ရပ်ကွက်ရုံးရှေ့ မှာတပ်စွဲထားတဲ့ စစ်တပ်လုံခြုံရေးဂိတ်ဟာ ဒီနေ့ နေ့ခင်းပိုင်းက သေနတ်နဲ့ပစ်ခတ်ခံလိုက်ရတယ်လို့ဒေသခံတွေထံကသိရပါတယ်။
ညောင်ပင်ဈေးအနီး ၁၉လမ်း ၊ ၈၆ လမ်းနဲ့ ၈၇ လမ်းကြား မှာရှိတဲ့ ရပ်ကွက်ရုံး ရှေမှာအထိုင်ချထားတဲ့ ဂိတ်ကို နေ့ခင်းပိုင်း ၁ နာရီဝန်းကျင်က ပစ်ခတ်သွားတာပါ။
ပစ်ခတ်မှုဖြစ်ပွားတဲ့ နေရာတဝိုက်ဟာ မန္တလေးမြို့ အနောက်ခြမ်း လူစည်ကားရာနေရာလည်းဖြစ်ပါတယ်။
ပစ်ခတ်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦး ဦးခေါင်းထိမှန်တယ်ဆိုတဲ့သတင်းထွက်လာပေမယ့် သီးခြားအတည်မပြုနိုင်ပါဘူး။