မန္တလေးမြို့ ၊မဟာအောင်မြေမြို့နယ်အတွင်းမှာ ဆိုင်ကယ်စီးလူငယ်တစ်ဦးကို စစ်ကောင်စီရဲတပ်ဖွဲ့က ပစ်ခတ်ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
အဲဒီဖြစ်စဉ်ဟာ ဒီဇင်ဘာလ ၆ ရက် ညနေပိုင်း ၃ နာရီခန့်က သဲပုံစေတီဘုရားအနီး၈၆လမ်း ၄၂ လမ်းနဲ့ ၄၅ လမ်းကြားမှာ ဖြစ်ပွားခဲ့တာပါ။
ဆိုင်ကယ်စီးလာတဲ့ လူငယ်ကို ရဲအင်အား ၁၅ ဦးခန့်က ပစ်ခတ်ပြီး ဖမ်းခေါ်သွားတာလို့သိရပါတယ်။
” ကားလေးစီးနဲ့စောင့်ပြီးဖမ်းသွားတာ”လို့ မျက်မြင်တွေ့သူတစ်ဦးကပြောပါတယ်။
သေနတ်နဲ့ပစ်ခတ်ခံရတဲ့ လူငယ်မှာ ခြေထောက်ကို ထိမှန်သွားပြီး စီးလာတဲ့ဆိုင်ကယ်ကိုပါ တင်ဆောင်သွားတယ်လို့ သိရပါတယ်။
ဖမ်းဆီးသွားတဲ့အကြောင်းအရင်းကိုမသိရသေးပါဘူး။