ရွှေဈေးတရိပ်ရိပ်တက်လာပြီးနောက် စစ်ကောင်စီက မန္တလေးမှာ ရွှေလုပ်ငန်းရှင် ၁၂ ဦးကို ခေါ်ယူစစ်ဆေးနေတယ်လို့ ရွှေလုပ်ငန်းရှင်အသိုင်းအဝိုင်းကတဆင့်စုံစမ်းသိရပါတယ်။
စစ်ကောင်စီရဲ့ စစစ အထူးစုံစမ်းစစ်ဆေးရေးဌာန က မနေ့ ဇွန်လ ၁၅ ရက် မှာ ခေါ်ယူ စစ်ဆေးနေတာပါ။
စစစ ခေါ်ယူစစ်ဆေးနေတဲ့ ရွှေလုပ်ငန်းရှင်တွေထဲ နာမည်ကြီးရွှေဆိုင်အချို့လည်း ပါဝင်နေတယ်လို့ သိရပါတယ်။
ဒီလို ခေါ်ယူစစ်ဆေးခံရတာတွေရှိပြီးနောက် ရွှေတစ်ကျပ်သားကို ကျပ်သိန်း ၃၀၅၀၀၀၀ နဲ့ ဒီနေ့ စတင်ပြီး ရောင်းချပေးမယ်လို့ မန္တလေး ရွှေလုပ်ငန်းရှင်များအသင်းက ထုတ်ပြန်လာတာတွေ့ရပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက် မြန်မာကျပ်ငွေတန်ဖိုး ထိုးကျသွားတာနဲ့အတူ ရွှေဈေးနဲ့ ဒေါ်လာဈေးဟာ တဟုန်ထိုးမြင့်တက်နေတာပါ။
မြင့်တက်နေတဲ့ ရွှေဈေးနဲ့ဒေါ်လာဈေးကို ထိန်းဖို့အတွက် စစ်ကောင်စီဟာ လုပ်ငန်းရှင်တွေကို ဖမ်းဆီးတာတွေ ၊ဖိအားပေးတာတွေလုပ်ခဲ့ပါတယ်။