မန္တလေးနန်းတွင်း အခြေစိုက် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် – လပခ ထံ PDF ငါးယောက် လက်နက်နဲ့တကွ အလင်းဝင်လာလို ဆုကြေးငွေပေးပြီး မိဘထံ ပြန်အပ်လိုက်တယ်လို စစ်အုပ်စုက သတင်းဖြန့်ပါတယ်။
မန္တလေးတိုင်း၊ မြစ်ငယ်မြိုနယ်နဲ့ စစ်ကိုင်းတိုင်း၊ မြိုင်မြိုနယ်က PDF အဖွဲဝင် အမျိုးသား ငါးဦးဟာ လက်လုပ်သေနတ် နှစ်လက်၊ (၉မမ)ကျည် (၁၀)တောင့်၊ ကျည်အိမ် လေးခု၊ ဆက်စပ်ပစ္စည်းတွေနဲ့အတူ လပခထံ အလင်းဝင်လာတာ ဖြစ်ပြီး ဒီဇင်ဘာ(၄)ရက် မနေ့က အခမ်းအနားနဲ့တကွ အလင်းဝင်လာတဲ့ PDF တွေကို ဆုကြေးပေးပြီး မိဘတွေထံ ပြန်အပ်လိုက်တာလို စစ်အုပ်စုက သတင်းဖြန့်ပါတယ်။
စစ်အုပ်စုဟာ လိမ်ညာသတင်းဖြန့်တာ ဖြစ်နိုင်ပြီး စစ်ကိုင်းတိုင်းထဲမှာ မြိုင်မြိုနယ် မရှိကြောင်းနဲ့ မြိုင်နယ်မြိုဟာ မကွေးတိုင်းထဲက မြိုနယ်ဖြစ်ပြီး အဲ့ဒီ မကွေးတိုင်း မြိုင်နယ်ဟာ လပခ နယ်မြေမဟုတ်ဘဲ မုံရွာမြိုအခြေစိုက် နမခ ရဲ့ နယ်မြေဖြစ်တယ်လို စစ်ကိုင်းခရိုင်က တော်လှန်ရေး ရဲဘော်တစ်ဦးက ပြောပါတယ်။
ဒါ့အပြင် မြစ်ငယ်မြိုဟာလည်း မြိုနယ်အဆင့် မဟုတ်ဘဲ မန္တလေးမြို၊ အမရပူရမြိုနယ်၊ ရန်ကုန် – မန္တလေး လမ်းဟောင်းပေါ်က မီးရထားစက်ခေါင်း အလုပ်ရုံရှိတဲ့ မြိုငယ်လိုခေါ်နိုင်တဲ့ ရပ်ကွက်တစ်ခုသာ ဖြစ်တယ်လို ဒေသခံတွေက ဆိုပါတယ်။
စစ်အုပ်စုကတော့ အဲ့ဒီ အလင်းဝင်တဲ့ PDF တွေမှာ လက်နက်နှစ်လက် ပါရှိလာတဲ့အတွက် တစ်လက်ကို ကျပ်ငါးသိန်းနှုန်းနဲ့ ဆုကြေးငွေ ကျပ်(၁၀)သိန်း ပေးလိုက်တယ်လိုလည်း ဓာတ်ပုံတွေနဲ့တကွ သတင်းဖြန့်ပါတယ်။
စစ်အုပ်စုဟာ ယခင်ကလည်း PDF တွေ အလင်းဝင်တယ်ဆိုတဲ့ သတင်းတွေ မကြာခဏ ဖော်ပြခဲ့ဖူးပြီး အများစုဟာ အလိမ်အညာတွေ ဖြစ်တယ်လို မန္တလေးမြိုခံ တော်လှန်ရေး အင်အားစုတွေက ဆိုပါတယ်။